မေးမြန်းခြင်းသည် အကောင်းဆုံးနည်းလမ်း
ကျွန်တော့်ဖခင်၏လားရာအရပ်(တည်နေရာ)ကို ခံစားသိရှိနိုင်ခြင်းအပေါ် ကျွန်တော် အမြဲ အားကျမိသည်။ သူ၏ပင်ကိုယ်အသိဖြင့် အရှေ့၊ အနောက်၊ တောင်၊ မြောက်ကို မှန်ကန်စွာ အလိုလို ညွှန်ပြနိုင်သည်။ ထိုခံစားသိရှိမှုသည် သူ၏မွေးရာပါအသိဖြစ်ပုံ ရသည်။ သူပြောတိုင်းလည်း အမြဲမှန်ကန်သည်။ နောက်ဆုံး သူလမ်းပျောက်သွားသည့် ညမတိုင်မီအထိ သူပြောတိုင်း အမြဲမှန်ကန်သည်။
အဖေလမ်းပျောက်သွားသည့်ညက သူနှင့်အမေသည် အကျွမ်းတ၀င်မရှိသော မြို့တစ်မြို့၌ အခမ်းအနားတစ်ခုသို့ တက်ရောက်ပြီး မှောင်သွားချိန်မှ ထိုမြို့မှ ပြန်လည်ထွက်ခွာ လာကြသည်။ အဖေသည် အဝေးပြေးလမ်းမကြီးသို့ သွားသောလမ်းကို သိနေသည်ဟု သူ့ကိုယ်သူ ယုံကြည်သော်လည်း အမှန်စင်စစ် သူလမ်းမှားနေသည်။ သူပြန်လှည့်၍ မောင်းလာသော်လည်း စိတ်ရှုပ်ထွေးပြီး ခေါင်းပူနေသည်။ ကျွန်တော့်မိခင်က “ခက်ခဲလိမ့်မယ်ဆိုတာ ကျွန်မသိပါတယ်။ ရှင်ရဲ့တယ်လီဖုန်းကနေ လမ်းညွှန်တောင်းလိုက်ပါလား။ အဆင်ပြေသွားမှာပါ” ဟု အဖေ့ကို အကြံပြုလိုက်သည်။
ဤအဖြစ်အပျက်သည် အသက် ၇၆ နှစ်အရွယ်ရှိ ကျွန်တော့်ဖခင်၏ဘ၀၌ ပထမဆုံးအကြိမ်…